Pages

Pages

ကိုမင်းအုပ်စိုး ၏ အမှန်တရား ရှာပုံတော် အောင်ပါစေ


ကိုမင်းအုပ်စိုး ဆိုတာ ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဒါရိုက်တာ တစ်ယောက်၊ တိုင်းသိပြည်သိ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်လည်း ၁၄/ဘကလ ပါပဲ။ ကိုမင်းအုပ်စိုးတို့က မြို့ပေါ်က မြို့မျက်နှာဖုံး။ ကျွန်တော်က တောနယ်ဇနပုဒ်ကပါ။ မည်သို့ပင်ဆိုစေ ကိုယ့်ဇာတိက လူတွေ အောင်မြင်ခြင်းဟာ ကိုယ့်ဇာတိမြို့ရွာအတွက် ဂုဏ်သတင်းကြီးပါတယ်။

 

ကိုမင်းအုပ်စိုး နဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုး ရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို အမြင်အမျိုးမျိုး မြင်ခဲ့ဖူးပါတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီးစ အဝေးသင်တက်ရင်း အလုပ် လုပ်နေတဲ့ အချိန်က ကျွန်တော့်အလုပ်က ကိုမင်းအုပ်စိုးတို့နဲ့ မဝေးပါဘူး။ အဲဒီနားက စားသောက်ဆိုင်တွေမှာ ကိုမင်းအုပ်စိုးတို့အဖွဲ့တွေ ပြဿနာတက်ကြတာတွေလည်း ကြားရတယ်။ ကိုမင်းအုပ်စိုး ပွဲကြမ်းတဲ့ သတင်းတွေလည်း ကြားရတယ်။


ကိုမင်းအုပ်စိုး လူသတ်မှုဖြစ်ခဲ့တယ်။ သူခံရမယ့် ပြစ်ဒဏ်ကို သူခံခဲ့တယ်။ သူ့ရဲ့ဒေါသကြောင့် သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် သူခံခဲ့ပြီးပြီ။ သူ ဒီနေ့ ဒီအချိန်မှာ သူ့ယုံကြည်ချက်အတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပြောဆိုနေတယ်။ ကိုယ်နဲ့ ရပ်တည်ချက်တူလို့၊ ကိုယ့်ဇာတိက ဖြစ်လို့ အမွှန်းတင်ခြင်းမျိုး မဟုတ်ပါဘူး။ နောက်ဆုံး သူကြုံတွေ့ရတဲ့ အမှုနဲ့ ပတ်သက်လို့ သူချပြရှင်းလင်း ပြောဆိုခဲ့တာတွေကို ကြည့်ဖြစ်ပါတယ်။ 


ဒီအမှုအပေါ် အခြေခံပြီး ကိုမင်းအုပ်စိုး ကို အသိပေးလိုတဲ့ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခ၊ သောက၊ ဗျာပါဒတွေ ဆိုတာ ဘာတွေလဲ ဆိုတာ မိတ်ဆက် (နိဒါန်း) ပြောဆိုလိုခြင်းပါ။

ကိုမင်းအုပ်စိုး တို့က အနုပညာနယ်ပယ်က ပြည်သူတွေရဲ့ ဘဝသရုပ်မှန်ကို အနုပညာနဲ့ ဖော်ထုတ်ကြတယ်။ ကျွန်တော် မီဒီယာနယ်ပယ်ထဲကို ရောက်တာကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး က ပုဂ္ဂိုလ်တွေဟာ အလွန်အမင်း ကိုယ်ကျိုးရှာ အမြတ်ထုတ်ပြီး ပြည်သူအပေါ် ဂုပ်သွေးစုပ်လွန်းတာတွေကို မခံနိုင်လို့ ကျွန်တော် မီဒီယာနယ်ပယ်ထဲကို ရောက်ရခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ် အကို။ 


အခု ကိုမင်းအုပ်စိုး ကြုံတွေ့ရတဲ့ အမှုမျိုး ကိုမင်းအုပ်စိုး ရှင်းလင်းပြောပြချက်တွေကို အခြေခံပြီး ကျွန်တော် အရင်ပြောပါမယ်။ ကိုယ့်ခြံ၊ ကိုယ့်အိမ် ကိုယ်က ငှားရမ်းခြင်း မပြုချင်တော့လို့ မငှားတော့ဘူး။ မငှားတော့ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း အခိုင်အမာ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်း ရှိလို့ စာချုပ်ပါစည်းကမ်းချက်များကို ဖောက်ဖျက်နေလို့ ထိုက်သင့်တဲ့ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခြင်းမျိုးကို ရင်ဆိုင်ဖြေရှင်းရတယ်ဆိုရင် ဥပဒေစိုးမိုးရေး ရှုထောင့်အရ လက်ခံနိုင်စရာ ရှိပါတယ်။


အခင်းဖြစ်တဲ့အချိန် အခင်းဖြစ်နေရာကို ရဲအရာရှိလာတယ်။ ညှိနှိုင်းဖြေရှင်းပေးသွားတယ်။ ဗဟန်းစခန်းကို သွားတယ်။ ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်။ သူတို့ဘက်က ဒီဟိုတယ်အတွက် ကုန်ကျထားရတဲ့ ငွေကြေးတွေ ရှိပါတယ်ဆိုတဲ့အတွက် ကုန်ကျထားတဲ့ ငွေကို ပြန်ပေးမယ်ဆိုတဲ့ စကားကိုလည်း ရဲအရာရှိ ရှေ့မှာပဲ ညှိနှိုင်းသဘောတူ ခဲ့ကြပြီး ဖြစ်ပါတယ်။ 


ကိုမင်းအုပ်စိုး အပေါ် အဆိုးမြင် ရှုထောင့်ကနေ ဝေဖန်ပုတ်ခတ် စော်ကားလိုသူတွေအနေနဲ့ ကျေနပ်လက်ခံပြီး ရင်းနှီးမြှုပ်နှံခွင့် ပြုထားပြီးမှ လိုတမျိုး မလိုတမျိုး လုပ်တယ်ဆိုတဲ့ အမြင်မျိုးလည်း ရှုမြင်ပြောဆိုနိုင်ပါတယ်။ ကိုမင်းအုပ်စိုး ပြောဆိုရှင်းလင်းထားတာ ရှိပါတယ်။ သူ့အပေါ် စိတ်ဆိုးလို့ရတယ်။ စိတ်နာလို့ ရတယ်။ မုန်းလို့ရတယ်။ ဒါပေမယ့် ယုတ်မာလို့ မရဘူး တဲ့။ ဒီဟိုတယ်ကို ဘာကြောင့်ဆက်မငှားချင်တော့တာလဲဆိုတာနဲ့ ပတ်သက်လို့ ကိုယ့်မှာလည်း သမီးလေးတွေ ရှိတယ်။ ဟိုတယ်မှာ ပြည့်တန်ဆာတွေ ထားပြီး လုပ်စားနေတာကို သူတားမြစ်ခဲ့တယ်။ ဒါကို လက်မခံဘဲ ဆက်လုပ်နေတယ်။ ကိုမင်းအုပ်စိုး ဘက်က အပြန်အလှန် ကျေးဇူးရှိဖူးသူတွေ ဖြစ်တဲ့အတွက်ကြောင့် ထောက်ထားစာနာပြီးတော့ သူတို့ လုပ်စားလို့ အဆင်ပြေပါစေဆိုတဲ့ စိတ်နဲ့ ဒီဟိုတယ်ကြီးတစ်ခုလုံးကို တစ်လ ၅သိန်းနဲ့ အခွန်ရှောင်ဖို့ စာချုပ်မှာ လက်မှတ်ထိုးပေးပါဆိုတော့လည်း လက်မှတ်ထိုးပေးခဲ့တယ်။


နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ပေါ်ပေါက်လာတဲ့ အမှုအခင်းအပေါ်မှာပဲ ဆုံးဖြတ်မယ်ဆိုရင် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပြီးဖြစ်တဲ့ကိစ္စမှာ ညှိနှိုင်းဖြေရှင်းပေးသူတွေကိုယ်တိုင်က ထပ်ပြီးအမှုဖွင့်ပေးတယ်ဆိုတဲ့ လုပ်ရပ်မှာ ကောက်ကျစ်ယုတ်မာမှုတွေ ပါလာပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုမင်းအုပ်စိုး ကိုယ်တိုင်လည်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရှင်းလင်း ပြောဆိုခဲ့ပြီးဖြစ်လို့ အဖြေမှန်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 


ကိုမင်းအုပ်စိုး ကြုံတွေ့ရတဲ့ အခြေအနေကို အခြေခံပြီး ပြည်သူအများ အတိဒုက္ခရောက်နေရတာ ဘာကြောင့်လဲ ဆိုတဲ့ စကားကို ကျွနေ်တာ် ပြောချင်တာပါ  အကို -

သာဓက အနေနဲ့ လှိုင်မြို့နယ်မှာ NLD အစွန်းရောက်တွေက အုပ်စုဖွဲ့အနိုင်ကျင့်ပြီး မျက်နှာမှာ စစ်ခွေး၊ ဘောမ၊ ငါးထောင်စား လို့ တက်တူးထိုးခံခဲ့ရတဲ့ ကိုကရင် ကိစ္စ၊ သူ့ကို အုပ်စုဖွဲ့ အနိုင်ကျင့်ခဲ့တဲ့ နီပိန်း အကြမ်းဖက်သမားတွေကို တိုင်ကြားတယ်။ တချို့ကို ဖမ်းတယ်။ တချို့ ဖမ်းမမိဘူး။ အဲဒီကိစ္စအတွက် ကာယကံရှင် ကိုကရင် စစ်ချက်ပေးဖို့ ခေါ်တဲ့အတွက် လှိုင်ရဲစခန်းကို သွားတယ်။ ကျွန်တော်တို့ အဖွဲ့ထဲက ကိုစည်သူမြင့် အဖော်လိုက်သွားပေးတယ်။ အကြမ်းဖက် အုပ်စုရဲ့ စော်ကားခြင်း ခံခဲ့ရတဲ့သူကို လှိုင်ရဲစခန်းက အမှုစစ်က ဖမ်းဆီးထားတဲ့ အကြမ်းဖက်သမားရှေ့မှာ စစ်ချက်ယူလို့ ပြဿနာတက်ခဲ့ရတယ်။


ဒါက သာဓက တစ်ခုအနေနဲ့ ပြောတာပါ။ ဒီလို အမှုပေါင်း ရာထောင်သောင်းမက ရှိပါတယ်။ ကိုမင်းအုပ်စိုးရဲ့ ရှင်းလင်းပြောဆိုချက်ထဲမှာ ရဲစခန်းအနေနဲ့ တိုင်စာရေးပြီး အမှုလာဖွင့်ရင်တော့ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်ပေးရတာပဲ လို့ ဆိုပါတယ်။ 


အဲဒီရဲတွေကို ကျွန်တော်မေးကြည့်ချင်ပါတယ်။ မလိမ်ပါနဲ့၊ မညာပါနဲ့။ သစ္စာဆိုရဲလားလို့တောင် ကျွန်တော်က မေးချင်ပါတယ်။ လူတိုင်းကို အဲဒီလို ဖွင့်ပေးသလား။ ကိုမင်းအုပ်စိုး ကိစ္စကို အခြေခံပြီး ပြောရင် ဝင်းမာအေးက အခုလို တိုင်ကြားသလို ကိုမင်းအုပ်စိုးအနေနဲ့ ဝင်းမာအေးတို့ လင်မယား ပြည့်တန်ဆာထောင်စားနေပါတယ်။ အခွန်ရှောင်ထားပါတယ်လို့ သဘောအားဖြင့် တိုင်ကြားမယ်ဆိုရင် အမှုဖွင်ပေးမယ်ထင်သလား။ ကိုမင်းအုပ်စိုး အရှိန်အဝါကြောင့် အမှုဖွင့်ကောင်း ဖွင့်ပေးပါလိမ့်မယ်။ အတိအကျတော့ မပြောနိုင်ပါဘူး။


NLD အစွန်းရောက်တွေ အကြမ်းဖက်နေတဲ့ ကာလအတွင်းမှာပဲ မြောက်ဒဂုံမြို့နယ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကျောင်းသူလေးတစ်ဦးကို ခိုးယူပေါင်းသင်း အမှုဖြစ်ခဲ့ပါတယ်။ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့ပါတယ်။ ရဲက အမှုဖွင့်မပေးဘဲ ကြားထဲက ငွေကြေးနဲ့ ညှိနှိုင်းပေးနေပါတယ်။ အဲဒီ အမှုကိစ္စ ဦးပါမောက္ခထံ ရောက်လာပါတယ်။ ကျွန်တော်လည်း ဆရာတော်နဲ့အတူ ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။ ဆရာတော်နဲ့ ကျွန်တော် ရဲစခန်းလိုက်သွားပြီးတော့ အမှုဖွင့်မှ အမှုကို လက်ခံခဲ့ပါတယ်။ တိုင်စာရေးပြီး အမှုလာဖွင့်တိုင်း အမှုဖွင့်မပေးဘူးဆိုတဲ့ သာဓကကို ပြောတာပါ။


ပြောလက်စ ကျွန်တော်တို့ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ သာဓကလေးလည်း အလျဉ်းသင့်လို့ ပြောလိုက်ပါအုံးမယ်။ ဆရာတော် သံဃာတော်များနဲ့ ကျွန်တော်တို့ အမေရိကန် သံရုံးရဲ့ လူမျိုးလိမ် အသုံးအနှုန်းနဲ့ ပတ်သက်လို့ ဆန္ဒပြကန့်ကွက်ခဲ့ကြဖူးတယ်။ NLD အစွန်းရောက် အကြမ်းဖက်တွေ အစိုးရတာဝန်ယူထားတဲ့အချိန် ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ပေါ့။ ကျွန်တော်တို့က အမေရိကန်သံရုံးကို ဆန္ဒပြတာ။ NLD အစိုးရဟာ ဘင်္ဂလီကို ဘင်္ဂလီလို့ မခေါ်ရဲတာလည်း ကျွန်တော်တို့ သိတယ်။ သူတို့ဖန်တီးသုံးစွဲနေတဲ့ လူမျိုးလိမ်အမည် မြန်မာတိုင်းရင်းသား စာရင်းမှာ မရှိဘူးလို့ မပြောရဲတာလဲ သိတယ်။ သို့ပေသော် ကျွန်တော်တို့ အဲဒီဆန္ဒပြပွဲမှာ NLD အစိုးရနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုခဲ့ခြင်းမျိုး မရှိပါဘူး။ ကျွန်တော်တို့ကို စွဲဆိုတဲ့ အမှုက နိုင်ငံတော်အကြည်ညိုပျက်စေမှုတဲ့။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းက စွဲဆိုခိုင်းတာ။ အဲဒီအမှု တရားရုံးရောက်ပါပြီတဲ့ဗျာ။ ကျွန်တော်တို့က အစိုးရကို ပြောခဲ့တာမှ မဟုတ်ဘဲ။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဘယ်လိုလုပ် မြောက်မလဲ။ ဒါပေမယ့် တရားရုံးသည်လည်း အာဏာရှိသူ အလိုကျ ဆောင်ရွက်ပေးရတဲ့အတွက် အမှုမြောက်သည်ဖြစ်စေ၊ အမှုမမြောက်သည် ဖြစ်စေ ထောင်ချသည်ပါပဲ။


ဒါမျိုးဖြစ်စဉ်တွေက အများကြီး၊ လိမ်ညာ ဖုံးကွယ် ငွေညှစ်လို့ ရသမျှ ညှစ်ယူခဲ့တဲ့ ပြဿနာတွေလည်း များစွာရှိသလို၊ ငွေရှင် ကြေးရှင်အလိုကျ အပြစ်မရှိတဲ့သူကို အပြစ်သက်ရောက်အောင်၊ အပြစ်ရှိတဲ့သူကို ဂွင်းလုံးကျွတ်လွတ်အောင် ဖန်တီးပေးတဲ့ လုပ်ရပ်တွေကိုလည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးက လူတွေကပဲ အကျိုးဆောင်ပေးခြင်း ဖြစ်ပါတယ်။ 


ဂုဏ်သိက္ခာရှိလှပါတယ်ဆိုတဲ့ သူတွေ သူတို့စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မျက်ကွယ်ပြုပြီး ရာထူးအာဏာကို အကြောင်းပြုပြီး ကြီးပွားချမ်းသာရေးအတွက်သာ ရှေးရှုဆောင်ရွက်လာတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ ပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ "နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။" ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ စာအုပ်ထဲမှာပဲ ရှိနေပြီး ဘယ်နေရာမှာမှ လက်တွေ့ကျကျ ကျင့်သုံးခြင်း မရှိတဲ့ အခြေအနေပါ။ 


ဒီဥပဒေပုဒ်မ က ပြည်သူတွေအတွက် အလွန်အမင်းကောင်းနေပေမယ့် ဥပဒေကို ကိုင်တွယ်အသုံးပြုရတဲ့ တရားစီရင်၊ အုပ်ချုပ်ရေးက ဂုဏ်သရေရှိလူကြီးမင်းများက တန်းတူအခွင့်အရေးပေးတာ၊ ဥပဒေရဲ့အကာအကွယ်ကို တန်းတူညီမျှ ရယူပိုင်ခွင့်ပေးတာ အလွန်အင်မတန်နည်းပါးပါတယ်။ ကျွန်တော်က ဘယ်အဖွဲ့အစည်းကိုမဆို အလုံးစုံ အပြစ်တင်ခြင်းမျိုး မလုပ်လိုပါဘူး။ အဖွဲ့အစည်းတိုင်းက တိုင်းပြည်အတွက် လိုအပ်တယ်။ လိုအပ်လို့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေချည်းဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်း၊ နယ်ပယ်တိုင်းမှာ လူကောင်းရှိတယ်။ လူယုတ်မာတွေလည်း ရှိတယ်။ လူယုတ်မာတွေ ကြောင့် ပြည်သူတွေ နစ်နာရတယ်။ လူကောင်းတွေကလည်း ကိုယ့်အဖွဲ့အစည်းအတွင်း (ကိုယ့်ဌာနတွင်း)က လူတွေကိုသာ အကာအကွယ်ပေးပြီး ပြည်သူကို မျက်နှာမူခြင်း မရှိတဲ့အခါ အမှန်တရားအတွက် ရှာပုံတော်ဖွင့်ရတာ အလွန်ခက်ခဲပါတယ်။


ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီရှင်သန်ထွန်းကားဖို့ လူ့ကျင့်ဝတ်စည်းကမ်းတွေကို နားလည်ကြဖို့၊ ကလေးငယ်တွေကို နီတိသင်ကြားပေးနေတာကို တွေ့ရတယ်။ အနာဂတ်ကောင်းဖို့ တည်ဆောက်ခြင်းပါပဲ။ လက်ရှိ ကျင့်ဝတ်တွေကို စောင့်ထိန်းလိုက်နာဖို့ တာဝန်ရှိတဲ့သူတွေ ဘာလို့ ကျင့်ဝတ်တွေကို ဖောက်ဖျက်နေတာလဲလို့ မေးစရာရှိလာပါတယ်။ ကျွန်တော် ရဲလည်း မဟုတ်ပါဘူး။ ရှေ့နေလည်း မဟုတ်ပါဘူး။ ဥပဒေအရာရှိလည်း မဟုတ်ပါဘူး။ တရားသူကြီးလည်း မဟုတ်ပါဘူး။ သို့ပေသော် ရဲ၊ ရှေ့နေ၊ ဥပဒေအရာရှိ၊ တရားသူကြီးတွေဟာ ဘယ်လို ကျင့်ဝတ်တွေကို စောင့်ထိန်းရသလဲဆိုတာတော့ လေ့လာတယ်။  သူတို့ စောင့်ထိန်းလိုက်နာရတဲ့ ကျင့်ဝတ်တွေကို သူတို့အသိဆုံးပေါ့။ ကျွန်တော်တို့ကတော့ လေ့လာသူအဆင့်ပဲ။ လုပ်ရပ်တွေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိန်ထိုးကြည့်လိုက်တဲ့အခါ အလေးထားသူနည်းတယ်။ မျက်ကွယ်ပြုထားသူ များတယ်။


စာလည်း အရမ်းရှည်နေမှာစိုးလို့ပါ။ ကိုမင်းအုပ်စိုး ရဲ့ အမှန်တရား ရှာပုံတော် အဖြေမှန် ပေါ်မယ်ဆိုရင် ဝမ်းမြောက်ပါတယ် အကို။ တခါမှတော့ တွေ့ဆုံဖူးခြင်း မရှိပါဘူး။ ကိုယ့်ဇာတိက ဖြစ်လို့လည်း ကိုမင်းအုပ်စိုး ဘက်က ရပ်တည်ခြင်း မဟုတ်ပါဘူး။ ကျွန်တော် မီဒီယာနယ်ပယ်ထဲ ရောက်ခဲ့တာက အဲဒီလို မတရားမှုတွေကိုများ တွန်းလှန်နိုင်လေမလားလို့ပါ။ 


အခု နစက အစိုးရ အပြောင်းအလဲဖြစ်လာတယ်။ တပ်မတော်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက ကျူးလွန်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇၊ ၄၁၈ အရ ထိန်းသိမ်းခဲ့ရပါတယ်။ ဒါကို အကျယ်တဝင့် ရှင်းပြခဲ့တယ်။ ကျွန်တော်တို့ နစက ဘက်က ရပ်တည်တယ်။ ကျွန်တော် ဘက်လိုက်ပါတယ်။ မီဒီယာသမား ဘက်လိုက်ပါတယ်။ လိုက်ကို လိုက်ပါတယ်။ အမှန်တရားဘက်က လိုက်ရပါတယ်။ နီပိန်း အကြမ်းဖက်သမားတွေဘက်က လိုက်တဲ့ မီဒီယာတွေ များစွာရှိတာကို သတိပြုမိကြပါလိမ့်မယ်။ သူတို့ကလည်း အမှန်တရားလို့ ပြောပါလိမ့်မယ်။ ကျွန်တော် နစက ဘက်က ရပ်တည်ခြင်း၊ NLD အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေဘက်က မရပ်တည်ခြင်းဟာ ဦးသိန်းစိန်အစိုးရ လက်ထက်က စလို့ NLD ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေ ဟာ တိုင်းပြည်နဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ သစ္စာမဲ့လွန်းပြီး ခိုးဝင်တွေကို တိုင်းရင်းသားတွေထက် ပိုပြီး အလေးထားနေခြင်းကြောင့်ပါပဲ။ ဒီလောက်ဆို လုံလောက်ပါတယ်။ ကျွန်တော်တို့က NLD ပါတီနဲ့ အပေါင်းအပါတွေရဲ့ ရပ်တည်ချက်ကို သိလို့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအတွက် အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းဖြစ်နေခြင်းကြောင့် အယုံအကြည်မရှိပါဘူး။

တပ်မတော်က ဥပဒေအရ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်ကို တွေကို အကြိမ်ကြိမ်အခါခါ ရှင်းလင်းပြောဆိုခဲ့သော်လည်း ဥပဒေစိုးမိုးရေးကို လက်မခံနိုင်၊ ဥပဒေစိုးမိုးရေးကို မလိုလားတာက ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ရမယ့် သူတွေကိုယ်တိုင် ဖြစ်နေတယ်။ တပ်မတော်အာဏာထိန်းသိမ်းတာကို မကြိုက်ရင် ရာထူးအာဏာစွန့်ပြီး ထွက်သွားပါလား။ အဲဒီလိုလည်း မဟုတ်ဘူး။ ရရှိထားတဲ့ ရာထူး၊ အာဏာ (နေရာ) က ငွေတွင်းကြီးဖြစ်နေတယ်။ ရာထူးအာဏာကို မစွန့်ဘူး။ ပိုနေမြဲ ကျားနေမြဲ ပုံစံနဲ့ နေပြီး NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အားပေးအားမြှောက်လုပ်နေကြတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အဂတိနဲ့ အရေးယူထားတယ်။ အခု နစက လက်အောက်မှာ ရှိနေတဲ့သူတွေက အကြမ်းဖက်သမားတွေဆီက တဖန်ပြန်ပြီး အဂတိလိုက်စားတာမျိုးလည်း ရှိတယ်။ တည်ငြိမ်အေးချမ်းမှု လိုလားတဲ့ ပြည်သူကို ဘယ်လိုဒုက္ခပေးရမလဲလို့ပဲ ကြံစည်နေတတ်ကြတယ်။ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရမယ့်သူတွေ ကိုယ်တိုင်က အကြမ်းဖက်အားပေး ဖြစ်နေတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေတာ သိပ်တော့ မထူးဆန်းပါဘူး။ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူများပီပီ တာဝန်သိစိတ်နဲ့ လုပ်ရမယ့် သူတွေ ကိုယ်တိုင်ကမှ အကြမ်းဖက်အားပေး (အကြမ်းဖက်သမားဆီက အဂတိလိုက်စား) ဥပဒေစိုးမိုးရေးပျက်ပြားအောင် လုပ်နေမှဖြင့် . . . . . 


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment