သရက်မြို့နယ်အတွင်း မိုးနေကြာစိုက်ဧက ၁၄၃.၂၅ ဧက အနက် မျိုးစေ့ထုတ်(၁၀)ဧက စိုက်ပျိုးထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့နယ်အတွင်း မိုးနေကြာစိုက်ဧက ၁၄၃.၂၅ ဧက အနက် မျိုးစေ့ထုတ်(၁၀)ဧက စိုက်ပျိုးထားရှိ

 



MNP - ဇူလိုင်   ၂၀


မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခုနှစ်အတွင်း မိုးနေကြာသီးနှံ ၁၄၃.၂၅ဧက စိုက်ပျိုးထားသည့်အနက်မှ မျိုးစေ့ထုတ်(၁၀)ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့် တစ်ဧကဆီထွက်နှုန်း ကောင်းမွန်ခြင်းတို့အပြင် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ဒေသခံတောင်သူများ အပိုဝင်ငွေရရှိပြီး မိသားစုအတွက် စားသုံးဆီ ပိုမိုရရှိလာမည်ဖြစ်ကြောင်းနှင့် နေကြာဆီ စားသုံးခြင်းသည် ကျန်းမားရေးအတွက် အထူးကောင်းမွန် သင့်လျော်ခြင်း၊ ထို့ကြောင့် ဒေသခံတောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်သည့်သီနှံ ဖြစ်သည်။


သရက်မြို့နယ်အတွင်း ယခင်နှစ်များက နေကြာသီးနှံ စိုက်ပျိုးမှု မရှိသော်လည်း ယခုနှစ် မိုးနေကြာကို မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးခဲ့ရာ ယနေ့အထိ တောင်သူ(၁၂၉)ဦးမှ သီးသန့် ၁၀.၂၅ဧက၊ သီးညှပ်(၁၃၃)ဧက စုစုပေါင်း(၁၄၃.၂၅)ဧက စိုက်ပျိုးပြီးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ ယခုနှစ် မိုးနေကြာမှ စိုက်ပျိုးထွက်ရှိသည့် မျိုးစေ့များဖြင့် ဆောင်းရာသီတွင် နေကြာသီးသန့် (၁၇၄၈)ဧက၊ သီးညှပ် (၂၂၃၀)ဧက စုစုပေါင်း (၃၉၇၈)ဧက စိုက်ပျိုးနိုင်ရေး မြို့နယ်ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)