Pages

Pages

တရုတ်နိုင်ငံ ချုံချင့်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကျင်းပ







MNP ၊ ဇူလိုင် ၁၃

တရုတ်နိုင်ငံ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ထားရှိသည့် World Financial Centre ရှိ Lixury Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမျိုးသန့်ဖေ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အုပ်ချုပ်ရေးမြို့တော်၏ ဒုတိယမြို့တော်ဝန် Mr. Dan Yanzheng၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wei Xiaodong၊ ချုံချုင့်နိုင်ငံခြားရေးရာရုံး ညွှန်ကြားရေးမှူးချုပ် Ms. Wang Wen၊ ယွီကျုံးခရိုင် ပါတီအတွင်းရေးမှူး Mr. Zhao Shiqing၊ ယွီကျုံးခရိုင်ဝန် Mr. Huang Maojun၊ ချုံချင့်မြို့ အခြေစိုက်ကမ္ဘောဒီယား၊ ကနေဒါ၊ ဖိလစ်ပိုင်၊ ဘယ်လာရုစ်၊ ဟန်ဂေရီ၊ အီတလီနှင့် ဥရုဂွေး နိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များ၊ ဒုတိယကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ချန်သူးမြို့ အခြေစိုက် ကိုရီးယား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များ၊ ဒုတိယကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


ဖွင့်ပွဲအခမ်းအနားတွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချုံချင့်မြူနီစီပယ်ကော်မရှင် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို ဖလှယ်ခဲ့ကြပြီး၊ ပိရှန်းခရိုင်တွင် မြန်မာပရိုမိုးရှင်းစင်တာ ဖွင့်လှစ်ခြင်းကို အတည်ပြုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment