Pages

Pages

တောင်ငူမြို့တွင် ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများဖြင့်စည်ကား

 




MNP - ဇူလိုင်  ၁၂


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင်စေတီတော်များတွင် ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။


တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းသမိုင်းဝင်စေတီတော်များ အများအပြားရှိရာ ယနေ့နံနက် ၈ နာရီအချိန်ကစတင်ပြီး ဈေးလမ်း၌ တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များ၊ အနီးဝန်းကျင်ရှိ မြို့နယ်များမှ မိသားစုဝင်များက အများဆုံးလာရောက်ကာ ပန်းကပ်၊ ဆွမ်းတော်တင်၊ ဆီမီး၊ ရေသပ္ပါယ်ပြုကြပြီး ရွှေသင်္ကန်းများ ကပ်လှူပူဇော်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ရုံးထံမှ သိရသည်။


နှစ်စဉ်တောင်ငူမြို့နယ်အတွင်း အခါကြီး ရက်ကြီးများ၌ စေတီဘုရားကျောင်းကန်များတွင် သီလဆောက်တည်သူ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိပြီး အလှူဒါနပြုကြသူများစွာရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment