မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP - ဇူလိုင်   ၁၉


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်းသိရသည်။


ရှေးဦးစွာ ဗိုလ်လုပွဲကို ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ဓာတုဗေဒအသင်းအား ဘူမိဗေဒအသင်းက လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် သင်္ချာအသင်းအား ဘူမိဗေဒအသင်းကလည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒိုင်အဖြစ်ပါဝင် ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုလက်ဆောင်များကို အားကစားနှင့်ပညာပေါင်းစပ်ကော်မတီ အတွင်းရေးမှူး မြန်မာစာဌာန ပါမောက္ခဒေါက်တာ သိန်းဝင်းကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသည့် အင်္ဂလိပ်စာအသင်းအား ပထဝီဝင်ဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်သိန်းဦးကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော အရှေ့တိုင်းပညာအသင်းအား သင်္ချာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကျော်မင်းကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သင်္ချာအသင်းအား အားကစားနှင့် ပညာပေါင်းစပ်ကော်မတီဥက္ကဋ္ဌ၊ ဘူမိဗေဒဌာန၊ပါမောက္ခ(ဌာနမှူး) ဒေါက်တာဉာဏ်ဝင်းကလည်းကောင်း၊ အမျိုးသားပြိုင်တွင် ဒုတိယဆုရရှိသော ဓာတုဗေဒအသင်းအား ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ရုက္ခဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာမြင့်ကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းမင်းသိန်းကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်သည်။ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းတို့အား တံခွန်စိုက်ဒိုင်းဆုများကို ပါမောက္ခချုပ်ဒေါက်တာ ဘဟန်က ပေးအပ်ချီးမြှင့်သည်။


အဆိုပါကြက်တောင်ရိုက်ပြိုင်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး အမျိုးသား ပြိုင်ပွဲတွင် ပြိုင်ဝင်အသင်း ၁၂ သင်းနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)