ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဆုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဆုချီးမြှင့်




MNP - ဇူလိုင်  ၁၉


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္ပာလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကြက်တောင်အားကစားဝါသနာရှင်များသည် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသိန်းရွှေက Myanmar National Junior Championship 2022 ပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အမျိုးသား/ အမျိုးသမီး တံခွန်စိုက်ပြိုင်ပွဲတွင် ဆုရအားကစားသမားများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား/အမျိုးသမီး အားကစားသမားများအား ဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား လည်းဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)