နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း အသေးစား၊ အလတ်စား ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း အသေးစား၊ အလတ်စား ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု



MNP - ဇူလိုင်   ၁၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား ဆန်စက်နှင့် ဆန်ရောင်း ဝယ်ရေးလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ ၂နာရီက ကွင်းဆင်း ကြည့်ရှုခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးလှဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည့်ဖြိုးမင်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ ဦးဇော်ဇော်ဝင်းထွန်းတို့က ဇလောင်းကျေးရွာရှိ ဦးကိုလေး၏ ငါးပုံဆန်စက်အားလည်းကောင်း၊ မောင်းရမ်းကျေးရွာအုပ်စု ဝက်စုကျေးရွာရှိ ဦးတိုးတိုး၏ တန် ၃၀ ဆန်စက်အားလည်းကောင်း၊ ကွမ်းခြံကုန်းကျေးရွာရှိ ဦးမိုး၏ ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေး လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး ဆန်၊ စပါးအထွက်နှုန်း ကောင်းမွန်ရေး၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဒေသခံ တောင်သူများအား ပံ့ပိုး ကူညီပေးနိုင်ရေး၊ သဘာဝ မြေသြဇာ ထုတ်လုပ်မှု နည်းပညာပံ့ပိုးပေး နိုင်ရေး တို့ကို ဆွေးနွေးပြောကြားကာ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် နေပြည်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက မင်းကုန်းကျေးရွာရှိ MORE ESSENTIAL Co.Ltd.၏  ကျောက်ဆင်းတုနှင့် ကျောက်စာ ထုတ်လုပ်နေမှုအခြေအနေများကို သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)