Pages

Pages

မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ

 




MNP - ဇူလိုင်  ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ ဆွမ်းလောင်းလှူပွဲကို ဇူလိုင် ၁၂ ရက် နံနက်  ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။


မိုးမိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်စိုက်ပျိုးရေးရုံးထိပ်တွင် စုဝေးတော်မူပြီး  မိုးမိတ်၊ မန်တုံလမ်းမကြီးအတိုင်း  လမ်းတစ်လျောက်ကြွမြန်တော်မူကြရာ  စေတနာရှင်၊ အလှူရှင် မိဘပြည်သူများက ဆွမ်း၊ ဟင်းနှင့် လှူဖွယ်ပစ္စည်း မျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။


နှစ်စဉ် ဝါဆိုလပြည့်နေ့ရောက်တိုင်း ဒေသခံပြည်သူများသည်  ဥပုဒ်သီတင်းဆောက်တည်ကြခြင်း၊ စုပေါင်း၍ ဆွမ်းလောင်းလှူခြင်းတို့ကို  ဆောင်ရွက်ကြပြီး အလှူဒါန ကသိုလ်ကောင်းမှု ပြုလုပ်ကြကြောင်း မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ထွန်းထံမှ သိရသည်။


သတင်း - မိုးမိတ်သား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment