မောင်တောမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်များ ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်များ ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း







MNP ၊ ဇူလိုင်  ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာန ဆိုင်ရာများ၊‌စေတနာရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်   သာသနာ့ဗိမန်တော်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနေဦး  နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊  ခရိုင်/မြို့နယ် ဌာန ဆိုင်ရာ များ၊ဧည့်ပရိတ်သတ် များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့မပရိယ တ္တိ စာသင်တိုက်ကျောင်း ၊ပဓာန နာယကဆရာတော်  အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ၊ မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ကေတု အရှင်သူမြတ် ဆရာတော်ဘုရားကြီးထံမှ  ငါးပါးသီလခံယူဆောင် တည် ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့် တော် မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနေဦး  နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊  ခရိုင်/မြို့နယ် ဌာန ဆိုင်ရာ များ၊‌စေတနာရှင်များ၊ဧည့်ပရိတ်သတ် များ ကဆရာတော် သံဃာတော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ် ပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်မြေဗောဓိသာသနာ့ရိပ်သာ (အလို တော်ပြည့်)ကျောင်းဆရာတော်  ဘဒ္ဒန္တ မဏိသာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှု အစုစု အတွက် ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြ သည်။ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်း ကြပြီး ရတနာ ရွှေမိုး ၊ငွေမိုး များ ရွာသွန်းဖြိုးခဲ့သည်။ 

အဆိုပါ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသည့် တန်ဖိုးမှာ ၉၃ သိန်း ၈ သောင်း ၂ ထောင် ၅ ရာ တိတိ ဖြစ်ကြောင်းသိရသည်။


သတင်း - အောင်ကျော်စိန် ၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)