Pages

Pages

လေးတောင်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး အဆောက်အဦးသစ်ဖွင့်ပွဲ ကျင်းပ



MNP ၊ ဇူလိုင်  ၁၁

လေးတောင်မြို့ ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်အင်ဂျင်နီယာရုံး အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့ရုံးဆိုင်းဘုတ်အား ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းစိုး၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစည်သူအောင်  တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖြန်း ပေးကြသည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်တို့အား “ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲမင်္ဂလာ” ကို ဆက်လက်ကျင်းပရာ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကာ ရေစက်သွန်ချ အမျှပေးဝေလျက် သာဓု အနုမော ဒနာ ခေါ်ဆိုကြပြီး‌နောက် ဆရာတော်အရှင်သူမြတ် တို့ထံ  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ကိုလည်းကောင်း၊ နေ့ဆွမ်းဘောဇဉ်ကို လည်းကောင်း ခရိုင်လျှပ်စစ်အင်ဂျာနီယာ ဦးသိန်းစိုး၊ မြို့နယ်လျှပ်စစ်အင်ဂျာနီယာ ဦးစည်သူအောင်နှင့် ဝန်ထမ်းများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

အဆိုပါ လေးတောင်မြို့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ လေးတောင်မြို့အတွင်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှစတင်၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သိန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment