Pages

Pages

ဂွမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ကော်မတီထံသို့ ပြည်နယ်ရန်ပုံငွေ သိန်း၃၀၀ လွှဲပြောင်းပေးအပ်ပွဲနှင့် ဒေသခံတောင်သူများကို သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ






MNP ၊ ဇူလိုင်  ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ်၊ မြန်မာ့ဆယ်မားအူးလ် အွန်ဒုန် စီမံကိန်း( ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း) ဆောင်ရွက်မည့် ရဟိုင်ကွင်းကျေးရွာ၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကော်မတီထံသို့ ပြည်နယ်ရန်ပုံငွေ သိန်း၃၀၀ လွှဲပြောင်းပေးအပ်ပွဲနှင့်  ၂၀၂၂-ခုနှစ် မိုးစပါးမျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက်၊ အထူးဇုံများ စိုက်ပျိုးထုတ်လုပ်ကြမည့် ဒေသခံတောင်သူများကို သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ  အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံး ခန်းမ၌ အစီအစဉ် (၂)ပိုင်းခွဲ၍  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


 အစီအစဉ် ပထမပိုင်းတွင် သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းမြို့နယ်ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်ကျော်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်ထွန်းလင်းကရန်ပုံငွေပေးအပ်ရခြင်း၏  ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး  ပြည်နယ်ရန်ပုံငွေ သိန်း၃၀၀ကို ရဟိုင်ကွင်းကျေးရွာ၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကော်မတီ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

 

ဒုတိယပိုင်း အစီအစဉ်တွင် ၂၀၂၂-ခုနှစ် မိုးစပါးမျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက်၊ အထူးဇုံများ စိုက်ပျိုးထုတ်လုပ်ကြမည့် ဒေသခံတောင်သူများကို သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ  အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဒေသခံတောင်သူများအား ယူရီးယား ဓါတ်မြေသြဇာများအား (၁)ဧကလျှင် တစ်အိတ်နှုန်းဖြင့် ဧက(၁၃၀)အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment