Pages

Pages

ပြည်မြို့၌မရှိခဏ ဆရာတော်ဦးဆောင်သောဆေးပဒေသာပင် လှူဒါန်းပွဲကြီးပြုလုပ်






MNP ၊  ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ နဝဒေးရပ်ကွက်မရှိခဏဘုန်းကြီးကျောင်း၌ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်ကဆေးပဒေသာပင်လှူဒါန်းပွဲကြီးကိုကျင်းပပြုလုပ်သည်။

အဆိုပါ မရှိခဏဆရာတော်ဦးစီးဦးဆောင်သော မရှိခဏပရဟိတဆေးဖောင်ဒေးရှင်းကြီး၏ ဆေးပဒေသာပင်လှူဒါန်းကြီးပြုလုပ်ခဲ့သည်မှာယခုနှစ်ဆိုလျှင်(၁၁)ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ဆေးပဒေသာပင်ပြုလုပ်လှူဒါန်းရသည့်ရည်ရွယ်ချက်မှာ တောရကျောင်းများ၌သီတင်းသုံးနေထိုင်ပြီး တရားဘာဝနာများကျင့်ကြံအားထုတ်နေကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီးဆရာလေးများအားကျန်းမာစွာ သီတင်းသုံးနေထိုင်ပြီးတရားဘာဝနာများကျင့်ကြံအားထုတ်နိုင်စေရန်ရည်ရွယ်၍ ဆေးပဒေသာပင်လှူဒါန်းပွဲကြီးကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုဆေးလှူဒါန်းပွဲကြီးကို မရှိခဏဆရာတော်ဘုရားကြီးအမှူးပြု၍ အနယ်နယ်အရပ်ရပ်မှတပြည့်ဒါယကာ၊ ဒါယကာမများမှ ကျောင်းတိုက်အသီးသီးမှရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီးဆရာလေးများအား ကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မရှိခဏဆရာတော်ဦးဆောင်သော ဆေးပဒေသာပင်လှူဒါန်းပွဲကြီးကို နှစ်စဉ်ဝါဆိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။


ကိုစို(ပြည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment