Pages

Pages

ကျိုင်းတုံ-တောင်ကြီးကားလမ်း၌ ယာဉ်တစ်စီးတိမ်းမှောက်ပြီး ၁၅ ဦးဒဏ်ရာရ




MNP ၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံ-တောင်ကြီးကားလမ်း ကျိုင်းဖောင်းကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းတွင် ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ကျိုင်းဖောင်းကျေးရွာအနီးရှိ လမ်းကွေ့တွင် Vigo အမျိုးအစားကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"စိုးရိမ်ရတဲ့လူတော့ မရှိပါဘူး။ ဒဏ်ရာရတဲ့လူတွေက ပေါက်ပြဲ၊ ကျိုးပဲ့တာလောက်ပါပဲ။” ဟု တိုင်းနေနာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment