Pages

Pages

အမ်းမြို့ ဓာတ်ပေါင်းစုစေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP ၊ ဇူလိုင် ၃၀ 

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့အမှတ် (၃) ရပ်ကွက် ဓာတ်ပေါင်းစုစေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်း‌ ရေးဆောင် ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က  ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ သန့်ရှင်းသာ ယာလှပရေးအတွက်း စုပေါင်းဆောင်ရွက်ခြင်းကိုအနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်တာဝန်ရှိသူများ၊အမ်းခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကောင်း မြတ်ဟိန်းသူ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှတပ်မ တော်သားများ၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆ ရာမများ၊ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက အစုအဖွဲ့အလိုက်ခြုံနွယ် ပေါင်းမြက်များအား စုပေါင်း ရှင်းလင်း  ဆောင်ရွက်ကြကြောင်းသိရသည်။

 

သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment