Pages

Pages

ကျိုင်းတုံမြို့၌ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

 



MNP - ဇူလိုင်   ၂၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျိုင်းလိတ်မြို့သစ်၊ နောင်ခမ်းမီးပွိုင်လမ်းရှိ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယမန်နေ့က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မိုင်းဇင်း(၂)ရွာနေ အမျိုးသားတစ်ဦးသည် အမြင့် ၁၀ ပေခန့်ရှိ ထုပ်တန်းပေါ်တွင် ဝရိမ်တို့ရန် သံချောင်းအားဆွဲယူစဉ် လျှပ်စီးဝင်နေသည့် သံချောင်းကို နင်းမိရာမှ ဓာတ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment