Pages

Pages

ဓမ္မစင်္ကြာအခါတော်နေ့ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ဒါနပြုလုပ်များဖြင့် စည်ကားလျှက်ရှိ






MNP ၊ ဇူလိုင် ၁၂

ဓမ္မစင်္ကြာ အခါတော်နေ့ဖြစ်သောဇူလိုင် ၁၂ ရက် ဝါဆိုလပြည့်နေ့တွင် ရပ်ဝေးရပ်နီးမှပြည်သူအများ ဥပုဒ်သီလဆောက်တည်ခြင်း၊ တန်ခိုးကြီးဘုရားများအားသွားရောက်ဖူးမြော်ခြင်း တို့အား မိသားစုအလိုက် တ‌ပျော်တပါးသွားရောက်ဖူးမြော်ပြီး အလှူဒါနများအားပြုလုပ်လျှက်ရှိရာ ကျိုက်ထိုမြို့၌ ထင်ရှားသည့် မျှောလေးမျှော သမိုင်းဝင်မှဲ့ရှင်တော်ဘုရားနှင့် အတူ သံသရာအေးမဟာဗောဓိစေတီတော် လွန်ခဲ့သည့်နှစ်ပေါင်း(၁၀၀)ကျော်က သွန်းလောင်းပူဇော်ခဲ့သည့် မဟာမုနိရုပ်ပွားတော်အား ဓမ္မစင်္ကြာဝါဆိုလပြည့် နေ့တွင်လာရောက်ဖူးမြော်သူများက ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်းရေချမ်းများနှင့် အလှူ‌ငွေများဆက်ကပ်လှူဒါန်း၍ ကုသိုလ်ဒါနပြုလုပ်သူများနှင့် စည်ကားလျှက်ရှိ ကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment