Pages

Pages

ရသေ့တောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့အဖြစ် အလှူဒါနပြုလုပ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းဖြင့် စည်ကားလျှက်ရှိ




MNP ၊  ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်ရှိ ဗုဒ္ဓဘာသာဝင်များကဘုန်းတော် ကြီးကျောင်းများသို့သွားရောက်ကာယနေ့ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစက်ြာ ခါတော်နေ့၌ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါန၊ တရားဘဝါနာများကျင့်ကြံအားထုတ်ခြင်းများဖြင့်စည်ကားလျှက် ရှိကြောင်းသိရသည်။

ထိုသို့ကောင်းမှုကုသိုလ်၊ အလှူဒါနပြုလုပ်ရခြင်းမှာဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပဋိသန္ဓေနေတော်မူသောနေ့၊  တောထွက်တော်မူသောနေ့၊ တရာဦးဓမ္မစက်ြာတရားတော်အား ဟောတော်မူသောနေ့၊ ရေအစုံမီးအစုံ တန်ခိုးပြသတော်မူသောနေ့စသည့် အထွတ် အမြတ်နေ့တစ်နေ့ဖြစ်သဖြင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ကာ ကောင်းမှုကုသိုလ်တရားဘဝါနာများအားထုတ်ရန်သွားရောက်ခြင်းဖြစ် ကြောင်းသိရသည်။

       

သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment