Pages

Pages

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း အာယုဒါန(အခမဲ့) ဆေးပေးခန်း မျက်နှာကျက်အတွက် အလှူငွေများ လှူဒါန်း

 



MNP - ဇူလိုင်   ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေး အသင်း အာယုဒါန(အခမဲ့) ဆေးပေးခန်းအတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။              

လှူဒါန်းရာတွင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက်မှ ကွယ်လွန်သူဒေါ်စန္ဒာဆွေအား ရည်စူး၍ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦး(ငြိမ်း)မိသားစုမှ အာယုဒါန(အခမဲ့) ဆေးပေးခန်း မျက်နှာကျက်အတွက် အလှူငွေကျပ် (၁၇) သိန်းကို လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။


သဖန်းကိုင်းပရဟိတ ဆရာတော်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားသော အာယုဒါန (အခမဲ့)ဆေးခန်း၌ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment