Pages

Pages

ဂွမြို့တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊  ဇူလိုင်  ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့  နေ့လည်ပိုင်း၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “နိုင်ငံ့ဝန်ထမ်းဥပဒေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မိမိတို့ဝန်ထမ်းများအနေဖြင့် (၁၃-၆-၂၀၁၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် ပြင်ဆင်ဖြည့်စွက်ထားချက်ကို သိရှိစေရန် ယခုလို  စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်ခင်မြဝါက အခန်း(၆)ပါ "ခွင့်ခံစားခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ခင်မို့မို့ကျော်က အခန်း(၇)ပါ "ရာထူးတိုးမြှင့်ခြင်း" ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ်  ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်ကထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment