ထားဝယ်တက္ကသိုလ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်တက္ကသိုလ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ





MNP ၊ ဇူလိုင်  ၂၁ 

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်တက္ကသိုလ်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ထားဝယ်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးနှင့်ဘာသာရပ်အသီးသီးမှဌာနမှူးများ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့်ဝန်ထမ်းများ၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်းသိရသည်။


စကားဝိုင်းဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ က ညှိနှိုင်းရေးမှူး(Moderator)အဖြစ်ဆောင်ရွက်ပြီး လူငယ်များသည် နိုင်ငံတော်အတွက်တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ထူးခြားသောအင်အားစုတစ်ရပ်လည်း ဖြစ်ကြောင်း၊ နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသော ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်ရေးရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ်ပိုမိုဆောင်ရွက်နိုင်ရန်၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အတွေးအခေါ်များမှန်ကန်စေရန်နှင့် ဗလငါးတန် ဖွံဖြိုးတိုးတက်ရေးကဏ္ဍများနှင့် ပတ်သက်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်က လူငယ်ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်း အောင်မြင်စေရန်အတွက် မူဝါဒ(၇)ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ လုပ်ငန်းစဉ် (၁၀)ရပ်တို့ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ (MSDP)ဟု ခေါ်သော ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) မဟာဗျူဟာများ၊ ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးပန်းတိုင် (Sustainable Development Goals-SDG) များနှင့် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ (Social Media)လူမှုမီဒီယာများကိုအသုံးချပြီး အတွေးအမြင်လွဲမှားအောင် အလွယ်တကူ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရကြောင်း၊ (Social Media) လူမှုမီဒီယာ အားကောင်းနေသည့်ကာလတွင် လူမှုမီဒီယာတွင် ရေးသားချက်များအပေါ် မိမိတို့၏ ပညာကိုအခြေခံပြီး ဆင်ခြင်တုံတရား၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းဖြင့် ဉာဏ်ပညာပြည့်ဝနေဖို့ လိုအပ်ကြောင်း၊ အသိဉာဏ်ပညာနည်းပါးနေမည်ဆိုပါက အလွယ်တကူ လမ်းမှားပေါ်ကို ရောက်ရှိနိုင်ကြောင်း စသဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။ 


ထို့နောက် ပြောကြားသူ (Speaker) များအဖြစ် ထားဝယ်တက္ကသိုလ်မှ မကြယ်စင်မိုး(ဒုတိယနှစ် အင်္ဂလိပ်စာ)၊ မောင်ကျော်ဇော(ဒုတိယနှစ် သမိုင်း)၊မစုမွန်ခိုင်(ပထမနှစ် ရုက္ခဗေဒ)နှင့် မဂန္တဝင်ဝင်း(ပထမနှစ် သင်္ချာ)တို့ က  လူငယ်နှင့် စူးစမ်းလေ့လာမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်‌များယုံကြည်မှုရရှိရန်ပြင်ဆင်ထားရမည့် အကြောင်း၊ လူငယ်နှင့်သမိုင်း၊ လူငယ်‌နှင့် စီးပွားရေးအမြင်၊ လူငယ်နှင့်ပညာရေးစသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့၍ ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)