Pages

Pages

မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်မည့်လမ်းပိုင်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး



MNP - ဇူလိုင်   ၁၂


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်   Cash For Work  စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်မည့်လမ်းပိုင်းအား  ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ သိရသည်။


မိတ္ထီလာမြို့နယ် သရက်ပင်ကျေးရွာအုပ်စု သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၌ Cash For Work  စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား ဂျင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်သွား မည်ဖြစ်သည်။ အဆိုပါ ကျေးရွာတွင်လမ်း ဂျင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် လမ်းပိုင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နေပြည်တော်)မှ ဦးစီးအရာရှိ ဒေါ်သီတာခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီများနှင့် တွေ့ဆုံ၍ သတ်မှတ် ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက်  ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work  စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသောကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းကျေးလက်ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလှမ်းများ ဖော်ဆောင်ပေးခြင်းဝင်ငွေရရှိစေရန်နှင့် ကျေးရွာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Cash For Work  စီမံကိန်းကို အကောင်အဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment