ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်

 



MNP - ဇူလိုင်   ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုနှင့် လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခဲ့သည်။


Door to Door စနစ်ဖြင့် အိမ်ထောင်စုနှင့် လူဦးရေစာရင်းများ ကောက်ယူရာတွင် အိမ်ထောင်စုနှင့် လူဦးရေစာရင်းများ၊ မှန်ကန်မှုရှိစေရေးအတွက် Door to Door စနစ်ဖြင့် ဆောင်ရွက်ရာတွင် သေဆုံးသူများအား ပယ်ဖျက်၍ မွေးဖွားသူများကို မွေးတိုးစာရင်း ဆောင်ရွက်ခြင်း၊ သေဆုံးသူများကို စာရင်းမှပယ်ထုတ်ခြင်း၊ အကွက်အပေါက် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် လိုက်လံစစ်ဆေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသော ရပ်ကွက်နှင့် ကျေးရွာများသို့လည်း၊ နေ့ရက်အလိုက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။


သတင်း- အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)