Pages

Pages

KIA , PDF အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာရ


MNP ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာရှိ မဲဇာနယ်မြေရဲစခန်းအား KIA, PDF အကြမ်းဖက်သမားများက ယမန်နေ့က လာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမှန် ပြန်ကြားရေးအဖွဲ့က KIA, PDF အကြမ်းဖက်သောင်းကျန်းသူ အင်အား ၁၅၀ ခန့်က မဲဇာနယ်မြေရဲစခန်းအား ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၃နာရီခွဲခန့်မှ ၅နာရီအထိ တစ်ကြိမ်၊ နံနက် ၆ နာရီ မှ ၇ နာရီတစ်ကြိမ် စခန်း၏ တောင်ဘက်နှင့် အနောက်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး KIA, PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြောင်း၊ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment