Pages

Pages

ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ် လုပ်ကိုင်ရန် ဆက်လက် ထွက်ခွာ

 




MNP - ဇူလိုင်  ၁၉


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား အမျိုးသား(၅၅)ဦး၊ အမျိုးသမီး(၃၀)ဦး၊ စုစုပေါင်းအလုပ်သများ(၈၅)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။


အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် Yellow Dawn Services  Co,Ltd မှ ထိုင်းနိုင်ငံရှိ Quality Coils Industries (P.B) Co,Ltd နှင့် Thanyasiriklt Co,Ltd တို့သို့ (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ရာ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိ အဖွဲ့အစည်းများက လို့အပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့် ကုမ္မဏီသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment