NLD အစွန်းရောက် မဟုတ်မမှန် သတင်းများ ဖြန့်ဝေလျက်ရှိသည့် (Infinity Group) facebook page မှ ဆရာတော်ဦးဝါသဝနှင့် ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် မဟုတ်မမှန် သတင်းများ ဖြန့်ဝေလျက်ရှိသည့် (Infinity Group) facebook page မှ ဆရာတော်ဦးဝါသဝနှင့် ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံဖြန့်ဝေ







MNP ၊ ဇူလိုင် ၃

ကန့်ဘလူမြို့ပေါ်မှ NLD အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူများ မဟုတ်မမှန် သတင်းများ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေလျက်ရှိသည့် (Infinity Group) facebook page မှ ဆရာတော်ဦးဝါသဝနှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း ဆရာတော်၏ တပည့်ထံမှ သိရသည်။


ဆရာတော်၏ တပည့်ဖြစ်သူက "ဒီကောင်တွေအစောပိုင်းက နေကြာစေ့ ဆိုတဲ့ အကောင့်ကနေ ရေးတာဗျ။ အခုနောက်ပိုင်း နေကြာစေ့ ပျောက်သွားပြီးမှ Infinity Group ဆိုပြီး တက်လာတာ။ သတင်း ကြားသိရသလောက်ကတော့ ကန့်ဘလူမြို့ပေါ် အမှတ်(၂)ရပ်ကွက် friends Computer ဆိုင်မှ ရဲထွန်း  (ဘ)ဦးကျော်သောင်း လုပ်နေတာလို့ သိရတယ်။ အရေးအသား ကို ကြည့်ရင်၊ ဆက်စပ်မှု ရှိတာကို ချိတ်ဆက်ရေးနိုင်တာကို ကြည့်ရင်တော့ ရဲထွန်းတို့ အုပ်စုထဲကပဲ သံသယ ရှိစရာ ရှိပါတယ်။ တချို့ မန္တလေးမြို့ပေါ်ကို ထွက်ပြေးနေကြတဲ့သူတွေလည်း ရှိပါတယ်။" ဟု ပြောသည်။


အဆိုပါ infinity group စာမျက်နှာမှ သက်ငယ်မုဒိန်းမှုတစ်ခုနှင့် ပတ်သက်၍ ပြည်သူ့စစ်အဖွဲ့ဝင်များက ကျူးလွန်သည်ဟု လုပ်ကြံဖန်တီးရေးသား ဖော်ပြခဲ့ပြီး အမှန်တကယ် သက်ငယ်မုဒိန်းမှု ကျူးလွန်သူမှာ နီပိန်း အကြမ်းဖက်လှုံ့ဆော်သူ CDM ဆရာ၏ ညီ ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)