Pages

Pages

ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာတွင် NLD အစွန်းရောက် PDFအကြမ်းဖက်သမားအလောင်းနှင့် လက်နက်များသိမ်းဆည်းရမိ


MNP ၊ ဇူလိုင် ၂၇

ယနေ့နေ့လယ် ၁၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်နေသောအဖွဲ့သည် လက်ပံလှကျေးရွာအနီးအရောက်တွင် NLD အစွန်းရောက် PDFအကြမ်းဖက်သမားများမှ စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်နှိမ်နင်းခဲ့ရာ NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၄ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း NLD အစွန်းရောက် PDFအကြမ်း ဖက်သမား ၄ ဦး၊ M-22 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁၇ လက်၊ ကျည်ဆံများ သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ နယ်မြေရှင်းလင်းခဲ့ရာ တောင်ယာတဲတစ်လုံးမှ လက်လုပ်မိုင်း ၅၀ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၄၀ လုံး၊ ယမ်းမှုန့်များ သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

အပြစ်မဲ့ ပြည်သူအမြောက်အများကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်ခေါင်းဆောင် ၂ဦးဖြစ်သည့် ဂျင်မီနှင့် ဇေယျာသော်အပါအဝင် အကြမ်းဖက်သမား ၄ဦးကို သေဒဏ်စီရင်ပြီးနောက် ပြည်ပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်မှုများကို ထပ်ဆင့်ဖြန့်ဝေနေသူများက အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေပြီး PDF အကြမ်းဖက်အဖွဲ့များကိုလည်း နှိမ်နင်းမှုများ တိုးမြှင့် ဆောင်ရွက်လာနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

နစက အစိုးရအနေဖြင့် ရာဇဝတ်မှု ကျူးလွန်ထားခြင်း မရှိသော PDF အဖွဲ့ဝင်များကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးလျက်ရှိရာ PDF အကြမ်းဖက်အဖွဲ့ကို ကျောခိုင်းထွက်လာသူ ၂၆၀ ခန့်ကို အုပ်ထိန်းသူများထံ အပ်နှံပေးခဲ့ပြီး ဖြစ်သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment