Pages

Pages

ဖျာပုံမြို့တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများက ဗုံးနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်


MNP ၊ ဇူလိုင် ၂၈

ဖျာပုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက NLD အစွန်းရောက် အကြမ်းဖက်သမားများက ဗုံးနှစ်ကြိမ်ဖောက်ခွဲတိုက်ခဲ့ကြောင်း သိရသည်။

နံနက်အစောပိုင်းက ဖျာပုံ-ရန်ကုန် တံတား ရဲကင်းအနီးတွင် NLD အစွန်းရောက် အကြမ်းဖက်သမားများက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထပ်မံ၍ ပန်းခြံရှေ့တွင် ဖောက်ခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြို့ခံတစ်ဦးက "မနက်က တံတားနားက ရဲကင်းနားမှာ ဖောက်ခွဲခံရတယ်။ ရဲတပ်ဖွဲ့ဝင်လေးတွေ ထိခိုက်ဒဏ်ရာရတယ်။ ပြင်းထန်ဒဏ်ရာတော့ မဟုတ်ဘူးလို့ ကြားရတယ်။ ထပ်ပြီး မြို့ထဲ ပန်းခြံရှေ့မှာ ဖောက်ခွဲတာက ပေါက်ကွဲမှုပြင်းတယ်။ ဆိုင်ကယ်နဲ့ ဖောက်ခွဲသွားတာ။ ညကတည်းက အဲဒီဆိုင်ကယ်ကို လာထားသွားတာလို့ ပြောတယ်။ ဆိုင်ကယ်လည်း တစစီဖြစ်သွားတယ်။ ပေါက်ကွဲအားပြင်းတော့ ဘေးပတ်ဝန်းကျင်က နေအိမ်တချို့ မှန်တွေကွဲတယ်။" ဟု ပြောသည်။

ဖျာပုံမြို့ပေါ်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများသည် အရပ်သားပြည်သူ ၂ဦး ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment