Pages

Pages

ကျောက်ဆည်မြို့နယ်တွင် မိုးစပါးသီးနှံ (၄၆၀၆၇) ဧကနှင့် သီးနှံမျိုးစုံ (၁၂၀၀၂) ဧက စိုက်ပျိုးပြီးဖြစ်

 



MNP - ဩဂုတ်   ၂၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ဆည်ရေသောက်၊ မိုးကောင်း ရေသောက်၊ မြေအောက်ရေများဖြင့် ဆန်စပါးနှင့်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးစပါးသီးနှံ (၄၆,၀၆၇) ဧကနှင့် သီးနှံမျိုးစုံ (၁၄,၃၇၅) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


စပါးသီးနှံများ စိုက်ပျိုးရာတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ စပါးမျိုးများကို (၄၆,၀၆၇) ဧကနှင့် မြေပဲသီးနှံ (၈၂) ဧက၊ နှမ်းသီးနှံ (၁,၉၃၃) ဧက၊ နေကြာသီးနှံ(၂,၁၄၉)ဧက၊ ပဲတီစိမ်း (၃,၇၀၇) ဧက၊ ပဲစင်းငုံ (၁၈၆) ဧက၊ အခြားပဲမျိုးစုံ (၁,၈၈၇) ဧက၊ ငရုပ်(၈၃၉)ဧက၊ နနွင်း(၉၆၉)ဧက၊ ပြောင်းဖူး(၂၅၀)ဧက စုစုပေါင်း (၁၂,၀၀၂) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။


စိုက်ပျိုးသီးနှံများ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုများအောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုး ပေးလျက်ရှိကြောင်းနှင့် ရေလိုအပ်သည့် သီနှံများအတွက် မြို့နယ်ရေအသုံးချမှုနှင့် စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ လုံလောက်စွာပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment