Pages

Pages

ပေါင်မြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် စိန်ပန်းဈေးသမဝါယမအသင်း လီမိတက် တို့၏(၂၀၂၀-၂၀၂၁)နှင့် (၂၀၂၁-၂၀၂၂)ကြားကာလ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကျင်းပ







MNP ၊ ဩဂုတ် ၃၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် စိန်ပန်းဈေးသမဝါယမအသင်း လီမိတက်တို့၏ (၂၀၂၀-၂၀၂၁)နှင့် (၂၀၂၁-၂၀၂၂)ကြားကာလ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် အသင်း နာယက ဦးမြင့်အောင် ကအလုပ်ဆိုတာ ဘယ်အရာမဆို စေတနာထားပြီးအလုပ်  လုပ်ကိုင်လျင် ထိရောက်အောင်မြင်နိုင်ကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဒေါ်ခင်မာအေး  က ယခုဆိုလျင်နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းတွေလုပ်နေသည့် ကျေးရွာများတွင် သမဝါယမ အသင်းသစ်ခွဲများဖွဲ့စည်း၍ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ အသင်းစု မှ ဦးဟိန်းမင်းမြတ်က မြို့နယ်အကျိူးတူ၊ ပေါင်မြို့နယ်အသင်းစု BOD အဖွဲ့သည် မွန်ပြည်နယ်မှာထက်မြက်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် ကြိုးစားမှုတွေကိုဆက်လက်ထိန်းသိမ်းပြီး လိုအပ်တာတွေကို ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆွေးနွေးတင်ပြသည်။


ထို့အပြင် အသင်းသားများ၏ သားသမီးများအား (၂၀၂၁-၂၀၂၂) ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသည့်ကျောင်းသား/သူ များအား မြို့နယ်စီမံကောင်စီဥက္ကဌ ဦးထင်လင်းအောင် နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးကြပြီး ဒုတိယပိုင်းအနေဖြင့် အသင်းသားများဆက်လက်၍ နှစ်ပတ်လည်အစည်းအဝေးကျင်းပ ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment