Pages

Pages

မိုင်းဖြတ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ



MNP - သြဂုတ်   ၂၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားအသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၂နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား)အသင်းတို့ ယှဉ်ပြိုင်ကစားရာ အထက(ဟိုနား)အသင်းက အထက(မိုင်းဖြတ်) အသင်းကို ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ပထမဆုရရှိသည့် အထက(ဟိုနား) အသင်းနှင့် ဒုတိဆုရရှိသည့် အထက(မိုင်းဖြတ်)အသင်းတို့ကို ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအေး


မြန်မာနရှင်နယ်ပို့စ်

No comments:

Post a Comment