MNP - ဩဂုတ် ၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ရောက်ရှိလာကာ အဆောက်အဦအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ မိုးလုံလေလုံအားကစားခန်းမကြီးကို လွန်ခဲ့သော ၁၉၉၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ယခုအခါ ပျက်စီးယိုယွင်းမှုဖြစ်သဖြင့် အကြီးစားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အားကစားခန်းမ အဝင်လမ်းအား အလျှား(၂၈၀)ပေ၊ အနံ(၁၂)ပေ ကွန်ကရစ်လမ်း ခင်းရန်တို့ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မီတာ(၄၀၀) မြို့နယ်အားကစားကွင်း ပြုပြင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အတူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်၊ ပုသိမ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံတို့ လိုက်ပါလာကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး နေဝင်းနောင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းနှင့် အား/ကာဝန်ထမ်းများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ဝင်းကြိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment