ဂွမြို့တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး အစီအစဉ် သင်တန်းနှင့် သင်ကြားရေးနှင့် ဆက်သွယ်ရေး အထောက်အကူပြု စနစ် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး အစီအစဉ် သင်တန်းနှင့် သင်ကြားရေးနှင့် ဆက်သွယ်ရေး အထောက်အကူပြု စနစ် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ





MNP ၊ သြဂုတ် ၉

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး အစီအစဉ် သင်တန်းနှင့် သင်ကြားရေးနှင့် ဆက်သွယ်ရေး အထောက်အကူပြု စနစ် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ ဗိမာန်တော် အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွက် ဆက်သွယ်ရေးအထောက်အကူပြု စနစ် (CA System)တစ်စုံအား BHN Association မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်း(၃၀)တွင် ထောက်ပံ့ထားရှိထားသော LCA System စက်ပစ္စည်းများ ချို့ယွင်းပျက်စီးမှု ဖြစ်ပေါ်လာပါက အစားထိုးနိုင်ရန် အပိုပစ္စည်းများနှင့် Laptop ကွန်ပျူတာတစ်စုံအား BHN Association က မြို့နယ်ပညာရေးမှူးထံ   လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းပေးအပ်မှုကို မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းနှင့် BHN တိုကျို(ဂျပန်ရုံးချုပ်)မှ တာဝန်ရှိသူက Online ဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အစီအစဉ် ဒုတိယပိုင်းအနေဖြင့် သင်ကြားရေးနှင့် ဆက်သွယ်ရေး အထောက်အကူပြု စနစ်(LCA System ) အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်နှင့် သဘာဝဘေးအန္တရာယ် လျှောချရေးနှင့် အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ သင်တန်းကို  ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)