Pages

Pages

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ရှိ မွေးမြူရေးဒီပလိုမာ သင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး



MNP - ဩဂုတ်   ၂၆


ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့်စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)တွင် မွေးမြူရေးဒီပလိုမာသင်တန်းကျောင်းအတွက် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများအား ယမန်နေ့နံနက် ၁၁ နာရီခန့်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးဒေါ်ခင်သီတာကျော်က ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ Power Point အသုံးပြု ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏ RC (၂)ထပ် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်၊ လက်တွေ့ဆောင်၊ (၂)ထပ်စာသင်ဆောင် အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းခွင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးနှင့် စတင်ဆောင်ရွက်ခြင်း မပြုလုပ်ရသေးသေ ာတည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးစတင်အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment