Pages

Pages

မွန်ပြည်နယ် တရားလွှတ်တော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

 



MNP - ဩဂုတ်   ၂၈ 


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရေး ဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့ နံနက်(၉)နာရီက မွန်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးက (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားသူကြီးများ၏ လမ်းညွှန်ချက်များကိုထပ်ဆင့်ရှင်းလင်းပြီး၊ မွန်ပြည်နယ်အတွင်းရှိတရားရုံးများ၏ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ ထောက်ပံ့ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။


အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ် တရားရေးဦးစီးမှူးနှင့်တရားရေး အရာရှိများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများ   Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment