Pages

Pages

စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်း အငြိမ်းစားပင်စင်စားများအား ပင်စင်များ ထုတ်ပေး



MNP - သြဂုတ်  ၂၂


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ်မှ ၂၀၂၂ ခုနှစ် ယနေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ သက်ကြီးဘိုးဘွား အငြိမ်းစားပင်စင်စားများအား ပင်စင်များထုတ်ပေးကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ ၁၁၀ တို့မှ သက်ကြီးဘိုးဘွား အငြိမ်းစားအများအပြားရှိရာ နိုင်ငံဝန်ထမ်း အငြိမ်းစားများ၊ နိုင်ငံရေးပင်စင်စားများ၊ စုစုပေါင်း (၂၅၀၀)ကျော်ရှိပြီး အုပ်စုများခွဲ၍ စည်းကမ်းတကျ ထုတ်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ လိုက်နာ၍ နှာခေါင်းစည်းများတပ်ခြင်း၊ တုန်ကင်ပြားများဖြင့် အလှည့်ကျတန်းစီ၍ ဘဏ်ရုံးရှေ့တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် သေ‌ချာစီစစ်၍ ဆောင်ရွက်ပြီးမှ ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်မထုတ်ယူမီ အသက်ကြီးဘိုးဘွားပင်စင်စားများနှင့် ပင်စင်စားကိုယ်စားလှယ်များအား ထိုင်ခုံများဖြင့် ခေတ္တထိုင်စေခြင်း၊ တုန်ကင်နံပါတ်မိမိတို့အမည်ခေါ်မှသာလျှင် စနစ်တကျအများနည်းတူတန်းစီနေရာယူ၍ တစ်ဦးခြင်းအလှည့်ကျ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိသည်။ နံနက်ပိုင်းမှစတင်ကာ ပင်စင်ထုတ်ယူသူပေါင်း (၆၀၀)ကျော် လာရောက်ထုတ်ယူကြပြီး ကျန်ရှိနေသေးသည့် အငြိမ်းစားပင်စင်စားများကိုလည်း နေ့စဉ် နံနက်ပိုင်းမှစကာ ထုတ်ယူပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်နီနီအောင်ထံမှ သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment