မအူပင်မြို့ မေတ္တာရှင်မိဘမဲ့ဂေဟာတွင် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့ မေတ္တာရှင်မိဘမဲ့ဂေဟာတွင် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ



MNP - ဩဂုတ်   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ညောင်ဝိုင်းကျေးရွာ၊ မေတ္တာရှင်မိဘမဲ့ ဂေဟာတွင် လူကုန် ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၂၁ ရက် နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး လူကုန်ကူးခံရမှု အခြေအနေများ၊ မူးယစ်ဆေး၏ ဆိုးကျိုး များကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့် မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း‌ကောင်း လူကုန်ကူးမှု သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကို လည်း‌ကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဆရာဦးဘိုထွေးက လူကုန်ကူးခံရမှု စတင်ဖြစ်ပေါ်လာမှုအခြေအနေများ၊ လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူကုန်ကူးခံရမှု အခြေအနေ၊ လူကုန်ကူးခြင်းနှင့် ပတ်သက်သည့် ကာကွယ်နိုင်ရေးများ၊ လူကုန်ကူးနိုင်သည့် အမျိုးအစားများ ဟောပြောခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း ဒုတိယဥက္ကဋ္ဌဆရာ ဦးစိုးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ သုံးစွဲမှုအား ကာကွယ်ထိန်းသိမ်းရမည့် အခြေအနေများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာရရှိနိုင်သည့် ဆိုးကျိုးများအကြောင်းစသည့် လူငယ်ရေးရာ အသိ ပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။


ထို့နောက် မေတ္တာရှင်မိဘမဲ့ဂေဟာမှ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းကြပြီး မိမိကိုယ်တိုင် ထားရှိသည့် ရည်မှန်းချက်များအား အပြန်အလှန်ဆွေးနွေး မေးမြန်းကြပြီး ဟောပြောဆွေးနွေးချက်များကို ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)