မိုင်းဖြတ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



MNP - သြဂုတ်   ၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်  မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များသည် တော်ဝင်မိုင်းဖြတ် နဂါးကုမ္ပဏီလီမိတက်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၁၁၃.၂၀)ကျပ်သန်းဖြင့် ဆောင်ရွက်သည့် အလျား ၉၀ပေ၊ အနံ၃၀ပေRC(၁)ထပ်အမျိုးအစားရှိ ဆိုက်ခေါင်မူလွန်ကျောင်းဆောင်သစ် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ သည် တာဝန်ရှိသူများနှင့်အတူ   ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၇၅.၄၅) ကျပ်သန်းဖြင့် တော်ဝင်မိုင်းဖြတ် နဂါးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်သည့် အလျား ၆၀ပေ၊ အနံ ၃၀ပေ RCတစ်ထပ် အမျိုးအစားရှိ လကတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ  တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီမှ လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)