Pages

Pages

ကျောက်ဆည်မြို့နယ် ငှက္ကတောင်ရွာ၌ သောက်သုံးရေဖူလုံရေး ရေပေးဝေးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 



MNP - သြဂုတ်   ၂၈


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငှက္ကတောင်ကျေးရွာ၌ သောက်သုံးရေဖူးလုံရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။


ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေ(၁၆.၃၀၉)ကျပ်သန်းဖြင့် ရေဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်(၁)စင်နှင့် (၂)လက်မအကျယ် PVC ပိုက်အရှည်(၂၈၀၀)ပေ သွယ်တန်းပေးခြင်းဖြစ်ပြီး  တောင်ခြေရွာဖြစ်တဲ့အတွက် ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေ၊ လုပ်အားများနှင့် တွင်းတူခဲ့သော်လည်း အဆင်မပြေကြောင်းနှင့်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေးဖူလုံရေး ဆောင်ရွက်ပေးသည့်အတွက် ကျေးရွာမပြည်သူများအတွက်သာမက ကျွဲ၊ နွား၊ တိရိစ္ဆာန်ပါ အဆင်ပြေကြောင်း ရပ်မိရပ်ဖ ဦးထွန်းကြည်ကပြောပြ၍ သိရှိရပြီး ငှက္ကတောင်ကျေးရွာတွင် အိမ်ခြေ(၂၅၃)အိမ်၊ လူဦးရေ(၁၁၉၅)ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment