Pages

Pages

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ



MNP - သြဂုတ်   ၂၁


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးသူ ချစ်နိုင်(စိတ်ပညာ)၏ “ကိုယ့်ကိုယ်ကိုယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။ 


စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း နာယက(၁)စာရေးဆရာ တက္ကသိုလ်ပွင့်သူအောင်က လူငယ်များအနေဖြင့် စာဖတ်ဝိုင်း များ တက်ရောက်ပါက၊ အသိပညာဗဟုသုတများ တိုးပွားလာစေကာ၊ အရာရာကို စဉ်းစားဆုံးဖြတ်နိုင်သည့် အတွေးအခေါ်ကောင်းများ ရရှိလာစေမည် ဖြစ်ကြောင်း ပြောကြားကာ စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးသည်။


ထို့နောက် Book Club နာယက(၂) ဦးစောဂျရုန်းက “ကိုယ့်ကိုယ်ကိုယုံကြည်မှု” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း ၊Book Club အဖွဲ့ဝင်များဖြစ်ကြသော စာရေးဆရာ ဇင်သန့်ဦးက “ပြင်းပြသောဆန္ဒ” ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ ဦးမြသိန်းက  “အသက်ရှည် ကျန်းမာအောင်နေနည်းအကြောင်း” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဦးအေးမြင့်က ကောင်းသောအကျင့်ဖြင့် မိမိကိုယ်ကို မြှင့်တင်နည်း ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ် နာယက(၁)ဦးပွင့်သူအောင်မှ ပြန်လည်သုံးသပ်ဆွေးနွေး သည်။


အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ နာယကများနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊တောင်ကွေ့ ဈေးမူလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများ ၊ စာဖတ်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment