တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

 


MNP - ဩဂုတ်   ၁၀


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အိမ်ထောင်စုလူဦးရေမဲစာရင်းများ မှန်ကန်ရေးအတွက် လစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီးမှူးများနှင့် တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက  လစဉ်အစည်းအဝေး ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိမိတို့ရုံးလုံခြုံရေး၊ အိမ်ထောင်စုလူဦးရေ စာရင်းမဲစာရင်းများ မှန်ကန်စေရေးအတွက် ဌာနဆိုင်များမှ ပူးပေါင်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြား‌သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းနှင့် အဖွဲ့ဝင်မြို့နယ် (လဝက) ဦးစီးမှူး ဦးမြင့်ကြွယ်တို့က လုံခြုံရေးကဏ္ဍနှင့် ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများကို Software ဖြင့် ထည့်သွင်းနေမှုအခြေအနေနှင့် ပြီးစီးမှု ရာနှုန်းတို့ကို ရှင်းလင်းဆွေးနွေးပေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဦးစီးမှူးများက ဌာနအလိုက်လက်ရှိ ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရသည်။


သတင်း - နန်းသာရီ-ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)