Pages

Pages

သံတွဲမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိ




MNP ၊  ဩဂုတ်   ၂၇

သံတွဲမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ် ထပ်ဆောင်းထိုးနှံခြင်းကို ဩဂုတ်၂၇ရက် နံနက် ၁၀နာရီမှစတင်၍ သံတွဲခရိုင်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါထပ်ဆောင်းထိုးနှံခြင်းကို  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does / Covid Chield အစရှိသည့် ကာကွယ်ဆေးသုံးကြိမ် ထိုးနှံပြီး (၃)လပြည့်ပြီးသူ နိုင်ငံဝန်ထမ်းများအားလုံးတို့ကို ဦးတည်အုပ်စုများအလိုက် စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment