Pages

Pages

စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများအဆိုပြုလျာထားရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊  သြဂုတ်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင်  ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အဆိုပြုလျာထားရန် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ ဦးထွန်းကျော်နိုင် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စဉ့်ကူးမြို့နယ်အတွင်း ဆောင်ရွက်လိုသည့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများအဆိုပြုလျာထားမည့်  ဌာနဆိုင်ရာများအလိုက်  စီမံကိန်းလျာထားချက်ကို ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စဉ့်ကူးမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဌ ဦးထွန်းကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး သော်တာထွန်းနှင့် ဦးထွန်းညွန့်ဦး၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများဆောင်ရွက်ရန် အဆိုပြုထားသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment