Pages

Pages

သာယာဝတီမြို့၌ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲသို့ ရွေးချယ်ခံရသူများအား အစမ်းလေ့ကျင့်မှု ကျင်းပ



MNP - သြဂုတ်   ၂၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင်  မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် တိုးတက်မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏  ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲသို့ ရွေးချယ်ခံရသူများအား အစမ်းလေ့ကျင့်မှု ကျင်းပပြုလုပ်မှုကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခြေခံပညာအဆင့်အဆိုပြိုင်ပွဲတွင် အသက် (၁၀)နှစ်မှ (၁၅)နှစ် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အခြေခံပညာ အသက် (၁၀)နှစ်မှ (၁၅)နှစ်၊ ဝါသနာရှင် (ဒုတိယတန်း) အဆင့် အမျိုးသား၊ အမျိုးသမီး(၃)ဦး အမျိုးသား(၂)ဦး၊ အခြေခံပညာအဆင့် အကပြိုင်ပွဲတွင် အသက် (၁၀) နှစ်မှ (၁၅)နှစ်၊ ဝါသနာရှင်(ပထမတန်း) အဆင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင်(ပထမတန်း) အမျိုးသား(၅)ဦး၊ (ဒုတိယတန်း) အမျိုးသား(၇)ဦး၊ အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အတီးပြိုင်ပွဲတွင် အမျိုးသား(၃)ဦး တို့အား ရွေးချယ်ခံရပြီး သာယာဝတီခရိုင်နှင့်  မြို့နယ်များမှ ပြိုင်ပွဲဝင်များက ပြိုင်ပွဲအမျိုးအစားအလိုက် ပါဝင်အစမ်းလေ့ကျင့်ကြသည်။


ရွေးချယ်ခံရသူ ပြိုင်ပွဲဝင်များသည်  သြဂုတ်လ ၃၁ ရက်နေ့တွင် တိုင်းဒေသကြီးအဆင့် ကျင်းပ ပြုလုပ်မည့် အဆို၊အက အရေး အတီးပြိုင်ပွဲတွင် ဆက်လက် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment