Pages

Pages

မိုင်းခွဲဖျက်ဆီးခံရသော တာဝါတိုင်များ ပြန်လည်ပြင်ဆင်ပြည်သူများအား ယာယီဓာတ်အားဖြန့်ဖြူးပေး



MNP - ဩဂုတ်   ၂၈

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ    မြဝတီပင်မဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ထားသော တာဝါတိုင်အမှတ်(၁၇၂)နှင့်(၁၇၃)တို့အား ဩဂုတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနှစ်ခန့်က မိုင်းခွဲ ဖျက်ဆီးခံရပြီးပျက်စီးသွားပါသဖြင့်   မြဝတီမြို့နှင့်ကော့ကရိတ်မြို့နယ်အတွင်းရှိ    ပြည်သူများ လျှပ်စစ်ဓာတ်အားပြတ်တောက်၍ အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်။


ထိုသို့ဖြစ်ပေါ်မှုအား  ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်   ကော့ကရိတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဒီဇယ်ဆီဖြင့် မောင်းနှင်းရသော (၂၅၀)ကေဗွီ မီးစက်(၁)လုံးနှင့် (၁၀၀)ကေဗွီ မီးစက်(၁)လုံး တို့ဖြင့်    မြို့ပေါ်ရပ်ကွက်နေပြည်သူများအား  နေ့စဉ်  နံနက်(၈)နာရီမှ  ညနေ (၆)နာရီထိ  ရပ်ကွက်တစ်ခုလျင် ၁နာရီခွဲနှုန်းဖြင့် ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်၍ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါသည်။


အလားတူ မြဝတီမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှလည်း  မြဝတီမြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ် အသုံးအဆောင်ပစ္စည်းများအားသွင်းနိုင်စေရန် နေရာ(၅)နေရာခွဲ၍ ထိုင်းမှလျှပ်စစ်မီးအား ယာယီရယူကာ ဩဂုတ်လ ၂၅  ရက်နေ့မှစ၍  လျှပ်စစ်ဓာတ်အား  ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့်  မိုင်းခွဲဖျက်ဆီးခံရပြီး   ပျက်စီးသွားသော တာဝါတိုင်များအား ဩဂုတ်လ ၂၂ ရက်နေ့မှစ၍ အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment