Pages

Pages

သံတောင်ကြီးမြို့နယ်အလယ်ချောင်း(အောက်)ကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး



MNP - ဩဂုတ်   ၂၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှ  စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ဆဋ္ဌမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည်ထုတ်ချေးခြင်းကို အလယ်ချောင်း(အောက်)ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ချေးငွေများ ပြန်လည်ထုတ်‌ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင်ဆောင် ရွက်ကြရန်၊ စာရင်းဇယားများပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း  ချေးငွေဖြင့်လုပ်ငန်းများ အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့ပြီးမြစိမ်း ရောင်ရန် ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအားရန်ပုံ ငွေများပြန်လည်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


အဆိုပါ  မြစိမ်းရောင်ရန်ပုံငွေဖြင့် အလယ်ချောင်း(အောက်)ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား (၃၈)ဦး၊ မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား (၉)ဦး၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား (၆)ဦးတို့အတွက် အရင်းမပျောက်လည် ပတ်ရန်ပုံငွေ ကျပ်(၃၁၈) သိန်းအားပြန် လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


သတင်း - နော်နော်မူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment