Pages

Pages

ဥပဒေရေးရာဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် လွိုင်ကော်မြို့၌ကျင်းပ

 



MNP - ဩဂုတ်   ၃၁


ကယားပြည်နယ် ဥပဒေချုပ်ရုံးမှ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တရားတော်မြတ်ကို အတူတကွနာယူကာ လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။


ဆက်လက်ပြီး နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဥပဒေချုပ် ဦးကြည်မြိုင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်တို့မှ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းတို့အား နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှတ်တရဗလာမပါ ကံစမ်းမဲများကို ဖွင့်ဖောက်ပေးခဲ့ပြီး ကိုယ်စီရရှိသည့်ဆုမဲများအား ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က အသီးသီးပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment