Pages

Pages

သထုံမြို့နယ်၌ ‌ဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

 



MNP - ဩဂုတ်   ၈


မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းက သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက တုန့်ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များကို စနစ်တကျဖြင့် အမြန်ဆုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို ဦးဆောင် ဆွေးနွေးရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းအသီးသီးမှ တာဝန်ခံမီးသတ်ဦးစီးမှူးများက မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ မိုး‌လေဝသနှင့် ဇလဗေဒဦးစီးဌာန၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့နှင့် သထုံမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment