Pages

Pages

ပုလောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်



MNP - ဩဂုတ်   ၂၉


တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်အိမ်ထောင်စုများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ပုလောမြို့ပေါ်နေ စစ်ဘေးရှောင်အိမ်ထောင်စု ၁၄၈ စုကို အိမ်ထောင်စုတစ်စုလျှင် (၁၂) ပေပတ်လည် တာပေါ်လင် (၁) ပိုင်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရေသုံးပစ္စည်းများနှင့် စောင် (၁) ပိုင်းစီကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment