Pages

Pages

ကျိုက်မရော၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းများသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး




MNP - သြဂုတ်   ၂၈


ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာအသုံးချ တတ်စေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် စာအုပ်၊ စာပေများကို စာဖတ်သူ လက်ဝယ်အရောက် ပို့ဆောင်ပေးသည့်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်  အခမဲ့လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မူလွန် ကလိုင်းကနိုင်ကျောင်းတို့တွင် သွားရောက်ငှားရမ်းပေးခဲ့သည်။


ထိုသို့ငှားရမ်းပေးရာတွင် စာဖတ်သူစိတ်ကြိုက်ဖြစ်စေမည့် သုတ၊ ရသ၊ ရုပ်ပြမဂ္ဂဇင်း၊ ရွှေသွေး ဂျာနယ်နှင့် ဒို့ကျေးရွာဂျာနယ်မှအစ စာအုပ်၊ မျိုးစုံ (၁၅၀) အုပ်အားယူဆောင်၍ အပတ်စဉ်သောကြာနေ့တိုင်း လှည့်လည်ငှားရမ်းပေးလျက်ရှိပြီး တစ်ခါငှားလျင် တစ်ပတ်ကြာအချိန်ပေးပြီး တစ်ဦးလျှင် ၃ အုပ်နှုန်းဖြင့် စာအုပ်များ စာဖတ်သူအရှေ့ရောက် ဝန်ဆောင်မှုပေးလျက် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှူများကို အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment