စဉ့်ကိုင်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ၄၇၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ၄၇၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာရောင်းချပေး

 



MNP - ဩဂုတ်   ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများ စားအုန်းဆီကိုဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက ရည်ညွှန်းဈေး(၄၇၀၀)ကျပ်ဖြင့် ဗိုလ်တေဇလမ်း ရွာနိုင်တံတားထိပ်တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်းသိရသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စဉ့်ကိုင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက စားသုံးသူပြည်သူများ စားအုန်းဆီဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်စေရန်အတွက်၊ ရည်ညွှန်းဈေးကျပ်(၄၇၀၀) ကျပ်ဖြင့် လှည့်လည်ရောင်းချခြင်းကို ဗိုလ်တေဇလမ်း ရွာနိုင်တံတားထိပ်တွင် Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးနေကြောင်း သိရသည်။ “ကျွန်တော်တို့ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းအနေနဲ့ စားသုံးဆီအရည်အသွေးပြည့်မီမှု ရှိ၊ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနဲ့ သတ်မှတ်ပိဿာချိန်အတိုင်း ရောင်းချခြင်းရှိ၊မရှိတို့ကို လှည့်လည်စစ်ဆေးခြင်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ပေးတယ်” ဟု ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ကပြောပါသည်။


စားသုံးသူများဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်စေရေးအတွက် Mobile စနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများတွင် အိမ်ထောင်စုအလိုက် ရောင်းချပေးခြင်းဖြစ်ရာ၊ ပြင်ပဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းကျော်ဖြစ်နေပြီဖြစ်သဖြင့်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ ယခုကဲ့သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းပေးမှုအပေါ် ပြည်သူများက ဝမ်းသာကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။


သတင်း - အေးအေးမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)